tirsdag 14. februar 2017

ပျူ နဲ့ ချို ဆက်စပ်မှူ
။။။။။။။။။။။။။။။။။။။။။
တွီ လီ ချို ဘိုးဘွားတွေ ပြောတဲ့ ခေတ်ကြိး လေးခေတ်နှင့် မြေပျံ့မြန်မာပြည်။
ပျူ ခေါ်တဲ့ ရှေးလူလူမျိုးတွေနှင့် ချို လူမျိုးတွေရဲ့ဆက်စပ်မှူ နှူတ်သမိုင်းဟာ ချို လူမျိုး အမျိုးအနွယ်မှန်သမျှကို ဘယ်ကြောင်ကြားထဲက သွားမေးမေး သူတို့ စာမတတ်ပေမယ့် သမိုင်းကြောင်းနှင့် ပါတ်သက်ပြီး စကားနှင့် မပြောနိုင်သူကလည်း သက်ကြီးပိုင်းတွေက ဘိုးစဉ်ဘောင်ဆက် နှူတ်သီချင်းတွေတော့ သူတို့ အနည်းဆုံး ဆိုပြကြလိမ့်မယ်။
စာပေဧက္ခရာ မရှိတော့ပေမယ့် ရှိခဲ့တယ်လို့ ဆိုကြတယ်။ ဒီစာပေနှင့် ပါတ်သက်ပြီး နောက်ဆုံး ချိုလူမျိုးတို့ ကွက်ကျွုပ်ဂူးခေါ်တဲ့ ရွှေကွမ်အုပ်ဘုရား ကျောင်းကန်အထိ စာပေရှိခဲ့ သုံးခဲ့တယ်လို့ ထိုနှူတ်သီချင်းတွေမှာပါရှိတယ်။
ချို နှူတ်ရာဇဝင်မှာ ပြည်ပျက်ရတဲ့ အကြောင်း လေးမျိုး ပါရှိတယ်။အဲဒါတေကတော့................................
သဘာဝဘေး ၁
။။။။။။။။။။။။။။။။။။။
၁။ ချိုလိုng' Hil Yin müလို့ခေါ်ပြီး မြန်မာလို ပြန်ရင်တော့ နေကွယ်၍ အအေးဓာတ်ပြောင်းလဲတဲ့ ဘေးဒဏ်ကြီးဖြစ်တယ်။ ဒီဘေးဒဏ်ကြောင့် သားရဲ သတိစ္ဆာန်တွေ လူတွေပါ ချိုလိုLung ah Ploip ကျောက်ဖြစ်ရုပ်ကြွမ်းတွေ ဖြစ်ခဲ့ကြတယ်လို့ ပါရှိတယ်။ မည်သည့်နေရာတွင် ဖြစ်ခဲ့သည်ကို မသိရပါ။
သဘာဝဘေး၂
။။။။။။။။။။။။။။။။။
၂။ ချို လို Mei Yin လို့ခေါ်တဲ့ မိုးပေါ်က မီးပြာကျတဲ့ ဒဏ်ကြီးလို့ပါရှိတယ်။ ၎င်းဘေးဒဏ်ကြောင့် လူသူ သေဆုံးသူတွေ ရှိခဲ့တဲ့အပြင် ထို ဘီရော (ပြည်ရွာ)မှာ လူသူ လုံးဝ နေထိုင်လို့ မရတော့တဲ့အထိ ဖြစ်ခဲ့လို့ နေရာပြောင်းရွှေ့ နေထိုင်ခဲ့ကြရတယ်လို့ ပါရှိတယ်။
သဘာဝဘေး ၃
။။။။။။။။။။။။။။။။
၃။ချို လို Tui Yinလို့ခေါ်တဲ့ ရေးဘေးဒဏ်ကြီးဖြစ်လို့ ဘီရောတွေ အများအပြားစွန့်ခွာ၍ တောင်ပေါ်ဒေသကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြရတယ်လို့ ပါရှိတယ်။ ထိုဘေးဒဏ်မှာတော့ လူအသေအပျောက် မပါရှိသော်လည်း သားရဲ တရိစ္ဆာန်များ ဆုံးရှုံးရပြီး ပြည်ရွာ ပျက်စီးတယ်လို့ ပါတယ်။ ၎င်းTui Yinဟာ နှူတ်သမိုင်းအရ ဒီနေ့ခေတ်လို ရေလွှမ်းခြင်းမျိုးနှင့်မတူပဲ တစ်ကယ့် ကြီးကျယ်တဲ့ ရေဘေးဒဏ်ကြီးလို့ ဆိုတယ်။ ထိုဘေးဒဏ်ကြောင့် ကျွန်တော်တို့ လူမျိုးတွေ ကွဲပြားသွားကြပြီး မိမိတို့ အုပ်စုဟာ ချိုလို Pupa htung ခေါ်တဲ့ ပုံတောင်အရပ်ကို စပြီး မှီခိုနေထိုင်လာကြတယ်လို့ ပါရှိတယ်။ ထိုနှူတ်ရာဇဝင်အရ ၎င်းရေဟာ တစ်လနှစ်လ ဖြစ်တာမဟုတ်ပဲ ချိုလို Kho Kum lüün နှစ်ချီလို့ပါရှိပြီး ဘယ်နှစ်နှစ်ကြာသည်ကား မပါရှိပါ။ နောက်ပိုင်းမှာ ပုံတောင်ကနေ ချိုအုပ်စုအချို့ဟာ မြေပျံ့အရပ်ကို ပြန်ဆင်းပြီ ဘီရော ထောင်ပြီး ပြန်နေထိုင်ကြကာ အချို့ အုပ်စုဟာ အထက်ကို ဆက်၍ သွားကြတယ်လို့ ပါရှိတယ်။ထိုနှူတ်သမိုင်းအရ ပုံတောင်အရပ်ကနေ ချို လူမျိုးစုတွ အရပ်မျက်နှာအလိုက် နေရာရှာ လူစု ထပ်ကွဲခဲ့ကြတယ်လို့ ပါရှိတယ်။မှတ်ချက် မည့်သည့်ဘေးဒဏ်က အရင်ဖြစ်ပျက်ကြုံတွေ့ရသည် မသိရပါ။
ရန်သူဘေး၎
။။။။။။။။။။။။။။
၎။ ချို လို မော်၊ (မွေန်)သည် ရန်သူဟူ၍ သာ ချိုးဘိုးတို့က ပြောကြသည်။၎င်း မော်ခေါ်တဲ့ ရန်သူများ၏ ဘီရောများ တိုက်ခိုက် ဖျက်ဆီးခြင်း သတ်ဖြတ်ခြင်းခံခဲ့ကြရပြီး ထွက်ပြေး တိမ်းရှောင်ရ၍ မြေပျံ့ အုပ်စုအချို့သည် နောက် တဖန် တောင်ပေါ်ဒေသသို့ ပြန်ပြေးလာကြရကြောင်းများ ပါရှိသည်။ ချိုနုတ်ရာဇဝင်မှာ မော်ကို ရန်သူအစား သုံးနေကြသော်လည်း တကယ်တမ်း အရပ်စကားတွင် ရန်သူကို ချိုလို Gal=ရာ ဟုသာ သုံးနှုန်းပြောဆိုကြသည်ကို တွေ့ရသဖြင့် ဘိုးဘွားတို့ခေါ်သော မော်သည် မွန်ဂို (သို့)မွန်များဖြစ်နိုင်သည်ဟု ယူဆရပါသည်။
ပျူ နဲ့ ချိုလူမျိုး ဆက်စပ်မှု
။။။။။။။။။။။။။။။။။။။။။။။။။။
ပျူ ဘာသာစကား "သီ" နှင့် ချိုဘာသာစကား "သီ"
ယုံကြည်ခြင်းဆိုင်ရာ အသုံးအနှုန်းဖြစ်သောကြောင့် ပျူ ဘာသာစကားနှင့် ချို ဘာသာစကားဟု မိမိ သုံးနှူန်း ရေးသားရခြင်း ဖြစ်ပါတယ်။
ချို လူမျိုးတွေရဲ့ အဆင့်အမြင့်ဆုံးယဉ်ကျေးမှု အစဉ်အလာမှာသုံးတဲ့ "သီ"နှင့်
ပျူ လူမျိုးတို့ဘာသာရေးဆိုင်ရာ အဆင့်အမြင့်ဆုံး အသုံးပြုတဲ့ "သီ" ကို ဒီနှစ်ကျရောက်လာမည့် ချိုး Kum Hti=ဂုဏ်သီ ပွဲတော်အကြိုမှာ ချိုလူထုနှင့် ချိုလူမျိုးအကြောင်း စိတ်ဝင်တစားလေ့လာလိုသူတွေအတွက် မျှ ဝေပေးရခြင်း ဖြစ်ပါတယ်။အခြားတူသော စကားလုံးအများအပြားတွေ့ရသော်လည်း ပို၍ အရေးကြိးပြီး ဆက်စက်မှုရှိသော စကားလုံးကို ရွေးချယ် ရေးသားတင်ပြပါမည်။
မှော်ဇာဗောဗောကြီးတောင်ကန် ဝက်ခေါင်းကုန်းမှ ရရှိသော ဆင်းတုတော် ပျူ စာတွင် တွေ့ရှိရသော ပျူ ဘာသာစကားမှာ "သီ" ကို ကျက်သရေ၊ ဘုန်းတန်ခိုး၊ဘုန်းပညာ ၊အသရေဟု မြန်မာလို ပြန်ထားသည်ကိုတွေ့ရပြီး
ချို လူမျိုးတွေရဲ့ ဘာသာစကား သီ ရဲ့ အနက်အဓိပ္ပါယ်ဟာလည်း ဘုန်းတန်ခိုး၊ ကျက်သရေ သီလ သမ္မါဓိ၊ ဂုဏ်သိက္ခါ တို့တွင် သုံးသည်။
ဥပမာပြရလျှင် ပြသနာ တစ်ခုခု၌ စွက်စွဲခံရသူ သို့မဟုတ် လိမ်လည်သူတို့အား သူတို့ အပစ်ကျူးလွန်ကြောင်း ဝန်မခံလျှင် ချိုထုံးစံအရ ကြိမ်ခြင်းပေး၍ ကြိမ်ရည် တိုက်ရ၏။ စွက်စွဲသူဖက်ကလဲ အပစ်မရှိသူကို မိမိမှ မမှန်မကန် စွက်စွဲပြောဆိုသည်ဖြစ်ပါက မိမိကိုယ်တိုင်လည်း မီးပေး သို့မဟုတ် အသက်ပေးသော်၎င်း ၅ရက်အတွင်း ၁၀ ရက်အတွင်း ဖြစ်စေဟူ၍ ကျမ်းကြိမ်ရည်ကို ပြန်သောက်ရသည့် ထုံးစံရှိ၏။ စွက်စွဲခံရ၍ ငြင်းဆိုသူဖက်ကလည်း သူဟာ အပစ်ကျူးလွန်သူဖြစ်ပါက ၅ရက်အတွင်း သို့မဟုတ် ၁၀ရက်အတွင် သူ့ကိုယ်တိုင်ကို၎င်း အမျိုးကို၎င်း သူပိုင်ဆိုင်သည့် ဥစ္စာ ပစ္စည်းကို၎င်း မီးဘေး ရေဘေး၊ သားရဲဘေးဖြစ် ကြုံတွေ့ရပါစေကြောင်း ကြိမ်ဆို၍ ထိုကျမ်းကြိမ်ရည်ကို သောက်စားရ၏။ နှစ်ဖက်စလုံးတွင် စောင့်ကြည့်ရသည့် သက်သေများထားရှိရ၏။ မမှန်ကန်သူသည် ကြိမ်ခြင်း သတ်မှတ်ထားသော ရက်အတွင်း ဘေးတစ်ခုခု ကြုံလာသည်။ မှန်ကန်သူသည် ဘေးမထိ ရန်မခပဲ လွတ်မြောက်သူဖြစ်ပြီး ချို လို "သီ" သည်ဟု သတ်မှတ်ကြ၏။ ချိုချင်း ဓမ္မသတ်တွင် လေ့လာ ဖတ်ရှုနိုင်ပါသည်။
၎င်းချိုလူမျိုးတို့ အထူးသုံးနှုန်းသည့် သီ ပွဲတော်ကို အထူးတန်ဖိုးထား၍ ချို နှစ်သစ်ကူး Kum Thai အချိန်တွင် နှစ်သစ်ကို ကောင်းကြီးပေး သန့်စင်စေ၍ လာတ်လာဘ ရွှင်သည့် နှစ်သစ်ဖြစ်စေရန် ချို ကုဏ်သီ Kum Htiကို ချိုလူမျိုးတို့ရဲ့ အထူးပွဲတော်အဖြစ် ကျင်းပလေ့ရှိကြပြီး ၄င်း သီ ပွဲတော် ပြုလုပ်ချိန်တွင် သီနိုင်Hti Nün ကောင်းကြီး ပြန်လည်ပေးအပ်ခြင်းကိုလည်း ကျင်းပ ပြုလုပ်ကြသည်ကို
အောက်တွင် ဆက်၍ လေ့လာနိုင်ပါသည်။
ချို နှစ်သစ်ကူးနှင့် ချိုကုဏ်သီ ၊ချို သီနိုင်ပွဲတော်ကို ချိုလို ng'bii Cha လဆန်း ၁ရက်နေ့ အင်္ဂလိပ်လဆိုရင် ဧပြီလ၁ရက်မှာ စတင်ပြီးကျင်းပကြပြီး စုစုပေါင်း ပွဲရက် ၅ရက်မှ၇ ရက်အထိ ရှည်သည်။
ချိုလူမျိုးတွေဟာ မိမိတို့အုပ်စုအလိုက် ဒီရိုးရာ ဂုဏ်သီ ပွဲတော်ကို ချိုလူမျိုးတွေရဲ့( နှစ်ဆန်း လဆန်း၁ရက်နေ့)မှာ အစဉ်အလာကြီးစွာ ကျင်းပလာခဲ့ကြပါတယ်။ ချိုလူမျိုးတွေရဲ့ အလှူ ပွဲ ပျော်ရွင်ပွဲများစွာထဲမှာ ဒီပွဲတော်ဟာ အထူးခြားဆုံးပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့အမည်ကို ဂုမ်း သီ Kum Hti ဟူ၍၄င်း သီနိုင်း Hti Nän ဟူ၍၄င်း ခေါ်ဝေါ်ကြပါတယ်။အကြောင်းကတော့ နှစ်ဟောင်းက နွမ်းနယ်ပင်ပန်းမှုအရာ မှန်သမျှကို ကျွတ်လွတ်ခဲ့ပြီး နှစ်သစ်မှာ အထက်ဘုရားသခင်ရဲ့ ကောင်းချီးပေး မဆခြင်းဖြင့် ကျန်းမာ ရွှင်လန်းလျှက် ဘုရာရှင်ပေးတဲ့ ဆန် ရေ စပါးများ ဖူလုံစွာရရှိ နေထိုင်သွားနိုင်ဖို့ရန် အတွက် ဆုလာတ်များ တောင်းခံတဲ့ ပွဲတော်ကြီး ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ချိုလူမျိုးတို့ အဖို့ အသက်သမျှအရေးကြီးသည့် ပွဲတော်ဖြစ်ပါသည်။ပွဲတော်သည် မည်သည့်အရာကမှ ရောနှော နှောက်ယှက်ခြင်း မဖြစ်စေပဲ သန့်ရှင်းစွာ ပြုလုပ်မည့် ပြုလုပ်သည့်ပွဲတော်ဖြစ်စေရန် ဤပွဲတော် ကာလအတွင်း မည်သူမျှ ဝင်ထွက် သွားလာခြင်း မပြုရပါ။ဝင်ထွက်သွားလာခွှင့်မရှိပါ။
၁။ (ပထမ လဆန်း တစ်ရက်နေ့)ရွာအဝင်လမ်းများ ခြံကာထား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဤ Kum Hti ပွဲတော် စတင်သည့်နေ့မှ စ၍ ရွာ အဝင် မြို့အဝင် လမ်းမများကို ခြံကာ ပိတ်ဆို့ထားပြီး သန့်ရှင်းစွာ ပြု လုပ်မည့် ပွဲတော်ကာလအတွင်း အခြားသော ရွာပြင်ပ မြို့ ပြင်ပ လူများ၊နတ်ဆိုး နတ်မိတ္ဆာများ လာရောက် မနှောက်ယှက်ရအောင် အမှတ်လက္ခဏာပြ လမ်းပိတ်ဆို့ထားခြင်းဖြစ်ပြီး ပွဲတော်ပြီးစီးပြီးမှသာ ထိုလမ်းများကို ပြန်လည် ဖွှင့်လှင့်ပေးတဲ့ အစဉ်အလာ ရှိတာကိုတွေ့ရပါတယ်။ပိတ်ထားသော ရွာအဝင်လမ်းခြံများတွင် ထင်းရှူးပင်များ နှင့် စိမ်းလန်းသည့် ငှက်ပြောပင်များကိုလည်း စိုက်ချီထားကြသည်။သီ ပွဲတော်ကာလမှာ လမ်းပိတ်ဆို့ကာထားသော ခြံကို ကျော်လွန်လာသူ သို့မဟုတ် တက်နင်းသူ ရှိပါက မြှားတစ်စင်းလျှော်ကြေးပေးရ၏။ မြှားတစ်စင်း၏ တန်ဖိုးကား အသက်တစ်ချောင်းကို အာမခံထားသော တန်ဖိုးဖြစ်၏၊ နောက်တစ်ကြိမ်ထပ်မံ၍ ကျူးလွန်လာပါက ထိုမြှားတစ်စင်းဖြင့် သူ့အသက်ကို ယူရန်ဖြစ်၏။ ချိုးထုံးစံအရ သူ့တစ်ပါးအား မတ၇ားပြုမှုသတ်ဖြတ်ခြင်းမဟုတ်ပဲ အပစ်မကျူးလွန်စေရန် တင်းကြပ်သော ဥပဒေဖြစ်သာ ဖြစ်သည်။
ပွဲတော်ကာလအတွင်း မတော်တဆ ဝင်ရောက်လာမိသည့် ဧည့်သည် သည်လည်း ပွဲတော် လုံးဝ ပြီးမှသာ ပြန်လည်ထွက်ခွါခွှင့် ရှိပါတယ်။
နတ်ဗုံ နတ်စည်တီး ၍ မိုးနတ်သကြားမင်းကိုခေါ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Khowtüi Shäi မိုးမခေါင် ရေမရှားပဲ ဆန်ရေစပါး ဖူလုံ၍ ရပ်ရွာအေးချမ်းသာယာရန် သကြားမင်းထံ ဖိတ်ခေါ်၍ နှစ်သစ် ဆုတောင်းခြင်းဖြင့် အစပြု၍ ထို နတ်ဗုံ (နတ်စည်)ကို တီးရ၏။
Kum Hti ပွဲတော် စတင်မည့် နှစ်သစ် လဆန်း ၁ရက်နေ့ နံနက် ကြက်တွန်ချိန် မိုးသားငှက်များပင် ကောာင်းကင်နှင့် လူတို့ကြား ဖြတ်၍ မပျံသန်းမှီ Täigüi Tänn ( ဘုရားရှင်နှင့် ဆက်သွယ်စကားပြောရန် အခွှင့်ရှိသော ခေါင်းဆောင်) မှ ဘုရားရှင်နှင့် နတ်သကြားမင်းတို့ကို ဟစ်ကြွေး၍ အသံတော်ပေးပြီး ၄င်းအချိန်တွင်သာ တီးရန် ပြုလုပ်ထားသော Khow Cing (နတ်ဗုံ နတ်စည်ဟုရ)ကို တီးခတ်ရ၏။ ရွာလူထုတို့သည်၎င်း Khow Cing=နတ်စည် တီးခတ်သံကြားကြသည်နှင့် ကလေးလူကြီး မည်သူမျှ မအိပ်စက်တော့ပဲ အိပ်ရာမှ ထ၍ တကိုယ်ရေ သန့်၇ှင်းရေးများ ပြုလုပ်ပြီး ပွဲတော်အတွက် အဆင်သင့် ပြင်ဆင်ကြရသည်။
၃။ Hti Püikait ဗေဒင်ဟော
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၎င်းဆုတောင်း ခေါင်းဆောင် သုံးဦးရှိရပြီး အဆင့် သုံးဆင့်ရှိသည်။
၁။ Täigui Tän
၂၊ Täigüi Khen
၃။ Täigüi Khyaw (ဤ၃မြောက်အဆင့်အမည် မသေချာ) ဟူ၍ဖြစ်၏။
၎။မျိုးနွယ်စု ၄ငါးစုရှိလျှင် အမျိုးနွယ်စုအလိုက် ဆုတောင်းခေါင်ဆောင် လေးငါးဦးလည်း ရှိတတ်သည်။
နံနက်နေထွက်သည်နှင့် ရွာထဲ မြို့ထဲမှ မျိုးနွယ်စုများအလိုက် Täigüi Tän ခေါင်းဆောင်များသည် ၄င်း ဆုတောင်းထားသည့် ခေါင်းဆောင်အကြီးဆုံး၏ အိမ်ရှေ့တွင် စုရုံး၍ ရိုးရာကြက်ဥဗေဒင်ကို အတူတကွဟောကြပြီးနောက် ဟောက်ချက်အရ ခေါင်းဆောင်၏ နေအိမ်ရှေ့တွင် ခေါင်များကို ထိပ်ထားလျှက် ကြက် ဆိတ်များကို သတ်ကြ၏။ နတ်သကြားများကိုလည်း ဖိတ်ထားကြပြီး ခေါင်ထိပ်၍ တိုင်စိုက်ထားသော ရှေ့တွင် မိမိတို့ လှေး၊မြှား ၊ဓါး လှန်များကိုလည်း စုပေါင်း၍ ၄င်းနေရာတွင် ချထားကြ၏။
Hti Nün သီနိုင်=ကောင်းကြီးပြန်လည်ဆက်သခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ထိုပွဲနေ့တွင်နတ်သကြားများကိုလည်း ဖိတ်ထားကြပြီး ခေါင်ထိပ်၍ တိုင်စိုက်ထားသော ရှေ့တွင် မိမိတို့ လှေး၊မြှား ၊ဓါး လှန်များကိုလည်း စုပေါင်း၍ ၄င်းနေရာတွင် ချထားကြ၏။ ရှေ့တွင် Hti Phah="သီ" ဖျာကြီးကို ခင်းထားပြီး ၄င်းဖျာပေါ်တွင် Hti Phya ="သီ "စကောကြီးကို ထပ်၍ ခင်းထားကာ Khyaw Täigüi =ကိုယ်စားပြု ဆုတောင်းသူ သုံးဦးထဲက အကြီးဆုံးမှ အစပြု၍ သူ့ရဲ့ အဖို့ ပန်းကန် a hlawn Dawn ကို အဦးဆုံးချပြီးနောက် ထိုအထဲတွင် သူရဲ့ mShii üm မျိုးစေ့ဗူး ထဲမှ သီနိုင်း Hti Nün ကိုစ၍ထည့်ရ၏။ (မှတ်ချက် အရင်ပြီးခဲ့သည့်နှစ်မှ ဘုရားသခင်ထံ တောင်း၍ရရှိသော ဆန်ရေ စပါးကို သခင့်ထံ အခွှန် ပြန်၍ ဆက်သခြင်း ဖြစ်ဟန် ရှိ၏။) ထို အသီးအနှံထည့်ထားသော ဗူးမှာ ဗူးလည်ရှည်တစ်လုံးဖြစ်၏။ ထိုဗူးကောက်လည်ရှည်တစ်လုံးထဲမှ သူချထားသော တောင်းစကော Hlawn Dawnတွင် သူထည့်သွင်းထားခြင်းဖြစ်သည်။ ထို့နောက် ဆုတောင်းခေါင်းဆောင် Täigüi Khen နှင့် Täigüi Khaw တို့ မှ သူတို့ပါလာသော Hti üwm (ဗူးလည်ရှည် ဖင်ကြီး၍ လည်ပင်းရှည်သော ဗူးဖြစ်သည်) များမှ ဆက်၍ ထည့်သွင်းပေးဆောင်ကြပြီးနောက် ရပ်ထဲ ရွာထဲမှ တက်ရောက်လာသော လူများမှ လူကြီးဖြစ်လျှင် တစ်တောင်းစီထည့်ရ၏။ ကလေးဖြစ်လျှင် လက်နှစ်ဖက်စာ ထည့်ရ၏။ ဆင်းရဲသောသူများမှလည်း နည်းလျှင် နည်းသလို ပေးသွင်းရ၏။ တစ်ဦးမကျန် ထည့်ဝင်ရသည်ဖြစ်၍ ဆင်းရဲသည့် မိသားစုများမှာ တစ်တောင်းထဲတွင် လက်တစ်ဆုပ်စာစီ စုပေါင်း၍ ထည့်ဝင်ခွှင့် ရှိသည်။ ဤသို့ "သီ"ပွဲတော် အတွက် ချက်ရန် ဆန်များကိုလည်း ရွာရှိ အိမ်ထောင်စု အလိုက် စုဝင်ကြရာတွင် ဆန်စပါးရှိသူက ဆန်စပါး၊ ပြောင်းသာရှိသူက ပြောင်း၊ ဂျိတ်သာရှိသူက ဂျိတ် ကို ပေးသွင်းပါဝင်ခွှင့် ရှိပြီး စုပေါင်းရရှိသော ဆန်များကို ချက်ပြု စားသောက်ကြ၏။
စားသောက်ပွဲ ပြီးသည်နှင့် ယောကျာ်းများသည် ဗေဒင်အရ ဘုန်းပေးထားသော ၄င်းတို့၏ လှေး၊မြှား ဓါးလှန်များကို ပြန်ယူ၍ တောသို့ တောလည်ရန်သွားပြီးလျှင် တောကောင်ကို စုပေါင်းလိုက်လံ၍ သတ်ကြ၏- ရရှိလာသော တောကောင်များကို ထို Khyaw Täigüi အိမ်တွင် ယူဆောင်လာကြပြီး အတူ ချက်ပြုတ် စားသောက်ကြ၏။
Li kah= မြှားပစ်ပြိုင် ငှက်ကြီးရန်နင်းပွဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အသင့်ဝါးဖြင့်ယက်လုပ်ထားသော ငှက်ကြီးပုံစံ ထိုအရုပ်ကို ဝါးလုံးရှည်ထိပ်တွင် ကြိုးဖြစ်ချီထားကြပြီးနောက် မြင့်မားသော သစ်ပင်ထိပ်တွင် ချီးထားကြပြီး ၄င်းငှက်ရုပ်ပုံသည် လေထဲတွင် ငှက်ရှင်ကဲ့သို့ လှူပ်၍နေလေ၏။ ဤဓလေ့ကို အဘိုး ပြုံဘူရှီး Pyun Pughiမှ နိမ့်နင်းခဲ့သော ငှက်ကြီး ပုံစံပြုလုပ်ပြီး ရန်ကြီး နိမ့်နင်းသော အသွင်အဖြစ် ထိုငှက်ရုပ်ကို လှေးမြှားဖြစ် ပစ်ခတ်သည့်ပွဲ ကျင်းပကြသည် ဆို၏။
၎။ Khawh Dawi ဥစ္စာ လက်ခံသည့် "သီ"အက နှင့် ဝတ်စားဆင်ယင်မှု
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သီ အက ကရာတွင် ဆုတောင်းဦးဆောင်သူ Täigüi Tän သုံးဦးမှ
(၁)Khow Moi = နတ်ပုတီးကုံးများ ဆွဲကြရသည်။ဤပုတီးကုံးများသည် အထူးပြုလုပ်ထားသော ပုတီးကုံးဖြင့်ပြီး Kum Hti ပွဲတော်ခေါ် ဥစ္စာတောင်းသည့် ပွဲတွင်သာ ခေါင်းဆောင်တို့က ဝတ်ဆင်ရသည့် ပုတီးကုံးကြီး ဖြစ်သည်။
(၂)Khing Yih=ကြိုးဖြင့် သိုင်းဝတ်ရသော ပါးခုံးနှစ်ဘက်မှ ဒူးဆင့်ထိအောင်ရှည်သော ဝါ သို့မဟုတ် ဂုဏ်လျှော်ဖြင့် ယက်လုပ်ထားသော အနီဖျော့ရောင် အောက်ဆုံးတွင် ဘေးတစ်ဘက်စမှ တစ်ဖက်ဆုံးအထိကြေး ခေါင်းလောင်းများ ချို လို Khingများကို ကြီးစဉ်ငယ်လိုက် ချိတ်ဆွဲထားသည်။ဤ Khing Yih သည်လည်း ဤ "သီ"ပွဲအတွင်း ဥစ္စာတောင်းချိန်တွင်သာ ဝတ်ဆင်ရသော ရိုးရာ ဝတ်ရုံဖြစ်သည်။
(၃)ဆံထုံးကို အနီဖျော့ရောင် ခေါင်းပေါင်းဖြင့် ပေါင်းထားပြီး ရွှေနားကွင်းကို နားနှစ်ဖက်တွင် ဆွဲထားကြသည်။
(၅) M'Shi üwm မျိုးစေ့ဗူး ဗူးလည်ရှည်တစ်လုံး နှင့် ကြက်ဥတစ်လုံး
(၆)M'shi Vowh မျိုးစေ့တောင်းယူမည့် တောင်းတစ်လုံး
(၇) Khow Cing=နတ်ဗုံ(နတ်စည်)တစ်လုံးပါရ၏
၎င်းတို့ သုံးဦး Täigui Tän ၊Täigüi Khen နှင့်Täigüi Khyaw ဦးဆောင်၍ Hti =သီအက ကရသော Khawh Dawi အကကို ကရပြီး ကဟန်မှာ နောက်ဖက်သို့ လှည့်၍ နတ်သကြားမင်းပါလာသော ဥစ္စာပစ္စည်းကို ဆီးကြို လှန်းယူဟန်ဖြင့် တစ်ယောက်မှ မျိုးစေ့ဗူးဖြင့်သော ဗူးလည်ပင်းရှည်နှင့် လက်တစ်ဖက်တွင် ကြက်ဥတစ်လုံးကို လက်တစ်ဖက်တွင်ကိုင်ထားလျှက် လက်ကို အပေါ်သို့ မြောက်ယူရပြီး ရှေ့ အိမ်တံခါးဖက်သို့ ပြန်လှည့်က လက်နှစ်ဖက်ကိုမြောက်ပေးပြီး ပစ္စည်း လှန်းထားဟန်ဖြင့် လက်ဟန် ခြေဟန် ညီအောင် ကကြရသည်။ ၄င်းတို့တွင် အထက်မှာ ဖေါ်ပြထားသော မျိုးစေ့များထားသော ဗူးလည်ရှည် တစ်ဗူး ၊ကြက်ဥတစ်လုံး၊ ဗုံ(နတ်စည်)တစ်လုံး နှင့် မျိုးစပါးတောင်းယူရန် တောင်းတစ်လုံးပါကြ၏။
ထိုသကြားမင်းများယူဆောင်လာသော ပစ္စည်းဥစ္စာနှင့် လာဒ်လာဘများ လက်ခံယူသည့်ဟန် "သီ"အက ကခြင်း ပြီးစီးလျှင် မျိုးစပါးထားရသည့် တောင်းကို မည်သည့်ပစ္စည်းမှ ပေမကျန်အောင် အ သေအချာ သန့်စင်ပြီးလျှင် ထို Khing Yihဖြစ် လုံအောင် ဖုံးချီထားရပြီး မျိုးစေ့များ သိမ်းရသည့် ဗူးလည်ရှည်ကိုယူဆောင်၍ ရွာထိပ် ရှိ သတ်မှတ်ထားသော ဖိတ်ကြားထားသော နတ်သကြားများကိုခေါ်၍ ပြန်ပို့ရန် ဆုတောင်းတောင်သို့ ခေါ်ဆောင် တက်သွားကြရပြီး တောင်ပေါ်သို့ ရောက်လျှင် ထိုမျိုးစပါးတောင်းယူမည့် တောင်းကို အုပ်ထားသော khing yihကိုပြန်ဖြေ၍ အသင့်ပြုလုပ်ထားသော ကျောက်ဖျာ ပလ္လင်ပေါ်တွင် ခင်းထားပြီး ထိုအပေါ်တွင် မျိုးစေ့တောင်းယူမည့် ဗူးလည်ရှည်နှင့် မျိုးစေ့ယူမည့် တောင်းလုံးကို ချထားပြီးလျှင် Täigüi Tän မှနေ၍ အထက်ကောင်းကင်ဘုရားသခင်ထံသို့ မျိုးစေ့များ ချပေးရန် ယခုနှစ်သစ်အတွက် လိုအပ်သည့် ကောက် ပဲ သီးနှံများ ချပေးရန် ဆုတောင်းရ၏။ ဆုတောင်းပြီးသည်နှင့် ထိုမျိုးစေ့တောင်ခံထာားသည့် တောင်းကို ခင်းထားသော Khing Yih ဖြင့် လုံအောင် ပြန်၍ အုပ်ချီပြီးလျှင် ပွဲပြုလုပ်ရာ Täigüi Tän ၏ နေအိမ်သို့ ပြန်ကြ၏။
သီ ပွဲလုပ်ရာ အိမ်သို့ ပြန်လာကြသောအခါ အိမ်ရှိလူအများမှ လူအများရှေ့တွင် စကောကြီးတစ်လုံးကို ခင်းပြီး လှန်းကြိုနှစ်ကြပြီး တောင်ပေါ်တက်၍ ဘုရားရှင်မြတ်ထံမှ တောင်းယူထားသော မျိုးစေ့တောင်းမှ Khing Yih ကို ဖြေဖွှင့်ပြီးလျှင် စကောပေါ်သို့ သွှင်လိုက်ကြသောအခါတွင် ယခုနှစ်တွင် အထွက်တိုးမည့် မျိုးစေ့များကြလာသည်ဟု ဆိုကြ၏။ ထိုသို့ ကျလာသော မျိုးစေ့များကို လူအများမှ ယူပြီးလျှင် မိမိတို့ ဆံထုံးကြားထည့်၍ ပန်ကြသည်။ ထိုသို့ လောက်င ပန်ဆင်နိုင်သူများသည်ဤ ယခုနှစ် သူ၏လယ်ယာ အထွက်တိုးသည်ဟုလည်း ယုံကြည်ကြသည်။အချို့ မျိုးစေ့များကို ထို M'Shii üM ဗူးလည်ရှည်ထဲတွင် ထည့်၍ သိမ်းဆီးကြသည်။
လဆန်း နှစ်ရက်မြောက်Khow Tüi m'Kim= မိုး၊ ရေ ရှောင်ရက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
-
ဤ သီပွဲတော်နေ့ ပြီးပြီး နောက်တစ်နေ့တွင် မိုး၊ရေ ရှောင်ရက်အဖြင့် မည်သူမျှ ဘာမှ မလုပ်ပဲ အနားယူကြရသည်။
လဆန်းသုံးရက်နေ့ Ng'Pghawh ပြန်၍ ကြည်အေးသည့်ရက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိမိတို့ အိမ်ထောင်အလိုက် ထမင်းကိုယ်စီ ချက်ပြီး မုန့်ဖတ်ကို အဖိုနှင့် အမ နှစ်မျိုးခွဲ၍ ငပျောရွက်ဖြင့် ဖက်ထုပ်ပြီးလျှင် ဖိုမကွဲရန် အဖိုကို ကြက်ခြေခတ် ကျိုးချီရပြီး အမအဖြစ် ခါးတွင် တစ်ပါတ်သာ ပါတ်၍ ချီထားရသည်။ Hlawn Dawn သည် Täigüi Tänအား ဆွမ်းပို့ရန် အထူးရက်လုပ်ထားသော ပန်းကန်တွင် ထမင်းဟင်းများထည့်ပြီး ၄င်းအပေါ်တွင် ထိုမုန့်ဖက်ထုပ်ကို တင်ပြီး Täigüi Tänအား ပေးပို့ ကတော့ ကြရ၏။
လဆန်း၎ရက်မြောက်နေ့
။။။။။။။။။။။။။။။။။။။။။။။။။။။။။
လဆန်း၎ရက်နေ့တွင်ချောင်းထဲသို့ အားလုံးအတူသွား၍ ပျော်ရွှင်စွာ ရေဆော့ကစားကြပြီးနောက် သားငါးများကို ရှာကြ၏
လဆန်းငါးရက်နေ့
။။။။။။။။။။။။။။။။။။။။။။။။။
ဤလဆန်း ၅ရက်နေ့တွင် အရင်နေ့မှ မိမိတို့ ရှာဖွေထားသော သား ငါးများကို ချက်ပြုတ်ပြီး အသင့်ငင်ထားပြီးသော ခေါင်ရည်များကို ဗူးများဖြင့် လယ်ယာဦးဆောင်သည့် Khow Tänn ၏ လယ်တောထဲသို့ စုရုံးကြပြီးလျှင် ကောက်သစ် စိုက်ပွဲကို စတင် စိုးပျိုးကြပြီးလျှင် အသင့်ယူဆောင်လာသော သားငါးများနှင့် ခေါင်ရည်များကို ပျော်ရွှင်စွာ သုံးဆောင်ကြသည်။ ဤတွင် သီ ပွဲတော် ပြီးဆုံး၍ နောက်ဆက်တွဲ များ ဖြစ်ကြသည့် ယာခင်းပွဲ၊ကောက်သစ်ပွဲများကို သူ့ရာသီအလိုက် ဆက်လက် ကျင်းပလေ့ရှိကြသည်ဟု သိရသည်။
မှတ်ချက် ။ ။ အခုအသက် ၈၀ကျော်ပြီးဖြစ်သည့် အမေအိုမှ သူမှတ်မိသလောက် ပြန်၍ပြောပြခြင်းဖြစ်ပြီး မြင့်မြတ်တဲ့ ခေါင်းကြီးခံပွဲတော် လုပ်ပုံများ မှတ်မိသော်လည်း ရက်စဉ်ကို ရှေ့နှောက်သေချာ မမှတ်မိကြောင်း ဝန်ခံပါသည်။ ဤ သီနှင့် သီနိုင်း ပွဲတော်အကြောင်း အသေးစိတ်စိတ် မှတ်မိသူ ၊ မိမိမှတ်တမ်းတွင် ကျန်ခဲ့သည်များ ရှိပါက ကျေးဇူးပြု၍ မိမိအား ဆက်သွယ်အကြံပြု ဝိုင်း ဖြည့်ဆည်းပေးကြပါရန် လေးစားစွာ ပန်ကြားပါရစေ။
အမေ့ပြောပြချက်အရ ကျွန်တော်တို့ ရောချောင်း ညောင်ကန်ရွာတွင် ဤကုဏ်သီ နှစ်သစ်မင်္ဂလာပွဲကို ၁၉၅၀ကျော်အထိ ကျင်းပလာခဲ့ကြပြီး ၁၉၅၄လောက် (သူ့ခန့်မှန်းစာမတတ်တွင်) ခြုံ ရွာတွင် ဗုဒ္ဓသာသနာပြု ဘုန်းကြီးတစ်ပါးပင့်ဖိတ်ပြီးရွာသားအချို့ ဘာသာဝင်ကြသည်။ ကျွန်တော်တို့ ရွာမှလည်းအချို့ဝင်ကြပြီးနောက်တွင် ရွာသားများစုပေါင်း၍ ယခင်နှစ်များအတိုင်း ကုဏ်သီပွဲတော် စတင်ပြုလုပ်ကြရာ ဗုဒ္ဓဘာသာဝင် အချို့မှာ ပွဲတော်ကိုအမျိုးမျိုးနှောက်ယှက် ဖျက်စီးကြရာမှ စတင်ပြီး ရွာလူကြီးများမှ ရွာသားများကို စုရုံးစေပြီး ဆွေးနွေးကြကာ ဤပွဲတော်ကြောင့် ရွာသူရွာသား အချင်းချင်း မတည့်ပဲ ပြသနာရေရှည်ဖြစ်လာလျှင် ညီအစ်ကို စိတ်ဝန်းကွဲလာနိုင်သောကြောင့် ဤကုဏ်သီအစဉ်အလာကို အားလုံးသဘောတူ စွက်လွှတ်ကြရန် ဆုံးဖြတ်ကြပြီးနောက် ပွဲတော်သုံး Kho Moiခေါ် နတ်ပုတီးကုံးများ၊ Kho Cing ခေါ် နတ်စည်တော်များကို အတူစုပုံကြလျှက် ချောင်းထဲသို့ လွှတ်ပစ်ခဲ့ကြပြီးနောက်တွင် သီ ပွဲတော် မလုပ်တော့ကြောင်း ပြောပြသဖြင့် သူတို့စွန့်ပစ်လိုက်သော ရှေးဘိုးဘွားပစ္စည်းများကို လွန်စွာမှ နှမျော မိပါသည်။ မိမိတို့ ရိုးရာ ထုံးတမ်းစဉ်လာများကို ခေတ်ရေစီးကြောင်းများအရ စွန့်လွှတ်လာကြသည့်တိုင်အောင် အဘိုးတန်သည့် ဘိုးဘွားအမွေအနှစ်များကိုကား ရောင်းဝယ်ခြင်း စွန့်ပစ်ခြင်းမျိုးမလုပ်ပဲ ချိုလူမျိုးတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်အဖြင့် တန်ဖိုးထား ထိန်းသိန်းသွားကြရမည် ဖြစ်ပါသည်။